Sunday, June 22, 2008

မောင်လွမ်းသူရဲ့ ဒိုင်ယာရီ

ဘ၀မှာ အခက်အခဲ လောကဓံ လှိုင်းကြမ်းတွေကို တစ်စိတ်တစ်ပိုင်း လောက်တော့ ကျော်ဖြတ်ခဲ့ပြီးပြီ...
ယခုလည်းကျော်ဖြတ်နေရဆဲ နောင်လည်း ကျော်ဖြတ်နေရအုံးမှာပါပဲလေ...
ကိုယ့်ဘ၀ရဲ့ ချို့တဲ့ သော အခြေအနေ တွေကြောင့် ဘ၀ခရီးဟာ သာယာ ဖြောင့်ဖြူးမှု မရှိခဲ့ဘူး... အားလုံးကို ခံနိုင်ရည်စွမ်းရှိခဲ့တယ်....
ဒါပေမဲ့ အချစ်နဲ့ ပါတ်သက်ရင်တော့ ခံနိုင်ရည်စွမ်းမရှိဘူး....
လွမ်းလည်း မလွမ်းချင်သလို၊လွမ်းရမှာကိုလည်း ခံနိုင်ရည်မရှိဘူး.....
ခွဲခွါလို့လဲ မနေချင်သလို၊ ခွဲခွါ သွားခံရမှာကိုလည်းကြောက်တယ်.....
သစ္စာရှိနေချင်တယ်၊ ဒါပေမဲ့ သစ္စာ ဖောက်ဖြတ် ခံရ မှာကိုလည်း မတွေးရဲဘူး....
ဘ၀ရဲ့ အခက်အခဲမျိုးစုံကို ကျော်ဖြတ်နေရသူ တစ်ယောက်အဖို့ ချိုမြိန်သောအချစ်မှတပါး ခါးသီးသောအချစ်တို့နဲ့ မကြုံတွေ့ပါရစေနဲ့......

No comments: