Thursday, March 8, 2001

ချယ်ရီ သို့ .....

ချယ်ရီ သို့ ....
အချစ်မျိုးစေ့
မပျိုးတက်ပျိုးတက်နဲ့
ရင်ကိုတူးစွ
နှလုံးသားရဲ့ တောင့်တချက်ကြောင့်
စိုက်ပျိုးခဲ့မိတာ
ငါ့ရင်ထဲမှာပါ ချယ်ရီ ရယ်...
အလှတွေ ရွှန်းစို
မြတ်နိုးချင်စရာ ပန်းလေးကို တော့
မထိရက် မတို့ရက်
အလှကြည့်နေရုံသက်သက်ဖြင့်
ကျေနပ် နှစ်သိမ့်နေရတာ
လေးနက်တဲ့ ချစ်ခြင်း မေတ္တာ တရားတွေကြောင့်ပါ....
သံယောဇဉ်နှောင်ကြိုး
အထပ်ထပ်ချည်နှောင်
ရုံးထွက်မရချိန်မှ
ဝေးရာသို့ ထွက်သွား
လွင့်မျော ခရီးရှည် အတွက်
ရင်မောစွာနဲ့
ငါ့ နှလုံးသားဟာ ညှိုးနွမ်းနေရမှာပါ ချယ်ရီ ရယ်...
နောက်ဆုံးတော့
ယိုစိမ့်ကြလာတဲ့
ငါ့နှလုံးသွေးတွေကို သောက်သုံးလို့
ချစ်စရာ ချယ်ရီလေးဟာ
အပြစ်ကင်းစင်လျှက်နဲ့ပေါ့ ၊၊ ၊၊