နုတ်ဆက်လက်ပြ
ခွဲကြရမဲ့ အချိန်မှာ
ဝမ်းနည်းပူဆွေးမှု အပေါင်းအတွက်
ငိုရမှာလား
ပြုံးပြရမှာလား...။
အချိန်တွေ ကုန်ဆုံး
ရာသီတွေ တိုက်စားလို့
ပုံသဏ္ဌန်တွေ အမျိုးမျိုး
ပြောင်းလဲသွားကြမယ်ဆိုစေအုံး
ခင်မင်တွယ်တာမှုအပေါင်းကတော့
ဘ၀ရဲ့ နောက်ဆုံးထွက်သက် အထိပါပဲကွယ်..။
ဩော်...
သတိယ ခြင်း
မေ့မရခြင်း
တမ်းတလွမ်းဆွေးခြင်းတွေ
ရင်မှာပွေ့ပိုက်လို့
အမှတ်တရလေးများကို
ထာဝရ သတိယနေပါ့မယ်....။ ။
(ကံ မကုန်ရင်တော့ နောက်တစ်ကြိမ် ပြန်ဆုံချင်သေးတယ် ကွယ်)
မောင်လွမ်းသူ
