Saturday, June 28, 2008

IF I AIN'T GOT YOU

Um..... Um

Some people live for the fortune

Some people live for just for the fame

Some people live for the power

Some people live just to play the game

Some people think that the physical thing define

What's within and I've been there before but that life's a bore so full of the superficial

"Some people want it all but i don't want nothing all if it ain't you baby,if i ain't got you baby"

Some people want dimojnd rings some just want everything

but everything means nothing if I ain't got you

Some people search for a fountain promises are forever yours

Some people need three dozen roses and that's the only way to prove you love them

Hand me a world
On a silver platter
and what good it would be with no one to share....


With no one who truly cares for me
If i ain't got you with me baby
Ain't nothing in this whole wide world don't mean a thing
If I ain't got you with me baby.....


မင်းကိုသာမရရှိခဲ့ရင်
တစ်ချို့သူတွေက ငွေကြေး၊အခွင့်အလမ်းအမြောက်အများအတွက် အသက်ရှင်နေထိုင်ကြတယ်...
တစ်ချို့သူတွေကတော့ အောင်မြင်ကြော်ကြားမှုသက်သက်အတွက် ရှင်သန်နေကြတယ်...
တစ်ချို့သူတွေကတော့ တန်ခိုးသြဇာအတွက် နေထိုင်ကြပြီး
တစ်ချို့သူတွေကတော့ ကစားဖို့သက်သက် ရှင်သန်နေထိုင်ကြတယ်
တစ်ချို့သူတွေကတော့ ရုပ်ဝတ္တုပစ္စည်းတွေ အတွင်းမှာ ဘာရှိသလဲဆိုတာကို ဖော်ပြပေးတယ်လို့ ထင်မြင်ယူဆကြတယ်
ငါ အဲဒီအနေအထားကို အရင်က ရောက်ခဲ့ဘူးပါတယ်
ဒါပေမဲ့ အဲဒါက ပျင်းရိ ငြီးငွေ့စရာ ဘ၀တစ်ခု ဖြစ်ပြီး အပေါ်ယံတွေနဲ့ ပြည့်လွန်းနေပါတယ်....
တစ်ချို့သူတွေက အဲဒါအားလုံးကို လိုချင်နေကြတယ်
ဒါပေမဲ့ ငါကတော့ ဘာမှကို မလိုချင်ပါဘူး
အဲဒါက မင်းမဟုတ်ခဲ့ရင်ပေါ့ ကလေးရယ်.......
ငါမင်းကို မရရှိခဲ့ဘူးဆိုရင်ပေါ့......
တစ်ချို့သူတွေက စိန်လက်စွပ်တွေလိုချင်ကြတယ်
တစ်ချို့သူတွေက အရာတိုင်းကို လိုချင်ကြတယ်
ဒါပေမဲ့ မင်းကိုသာ မရရှိခဲ့ရင် အရာအားလုံးဟာ ဘာအဓိပ္ပါယ်မှ မရှိတော့ပါဘူး......
တစ်ချို့သူတွေက ထာဝရ နုပျိုမှု ပေးနိုင်စွမ်းရှိမယ့် ရေတံခွန်ကို ရှာဖွေနေကြတယ်
တစ်ချို့သူတွေက နှင်းဆီ သုံးဒါဇင်ကို လိုအပ်နေတယ်
သူတို့ကို ချစ်ကြောင်းပြသဖို့အတွက် ဒီနည်းလမ်းတစ်ခုပဲ ရှိတယ်လေ
ကမ္ဘာတစ်ခုကို ငွေလင်ပန်းနဲ့ထည်းပြီး ကမ်းပေးလိုက်ပါ
အဲဒါက ဘာတွေများကောင်းနိုင်အုံးမှာလဲ
အတူတူ မျှဝေခံစားမယ့်သူ
ငါ့ကို အမှန်တကယ် ဂရုထားမယ့်သူ တစ်ယောက်မှမရှိတဲ့အခါမှာလေ...
မင်းသာငါနဲ့ အတူမရှိခဲ့ရင်....ကလေးရယ်
ဟောသည် ကျယ်ပြန့်တဲ့ ကမ္ဘာကြီး တစ်ခုလုံးမှာ ရှိရှိသမျှ အရာတွေအားလုံး ဘာအဓိပ္ပါယ်မှ မရှိတော့ပါဘူး..
မင်းသာငါနဲ့ အတူတူ မရှိခဲ့ရင်ပေါ့ ကလေးရယ်....
( သိပ်ပြီး ကြိုက်လို့ စာအုပ်တစ်အုပ်ထဲကနေ ကူးပေးထားတာ ..... မျှဝေ ခံစားကြည့်ရအောင်နော်...)

Thursday, June 26, 2008

သို့....

အချိန်တွေတိုင်း
နေရာတိုင်းမှာ
အစဉ်အမြဲ
စိုးမိုးထားလျှက်
ရင်မှာခံစား
ဝေဒနာကို
အချစ်ဆုံးသိရင် ကျေနပ်ပြီ..၊၊ ။

Tuesday, June 24, 2008

မင်း ညင်းပယ်ပြီးနောက်

မျှော်လင့်ခွင့် ရရင်တော့ မျှော်လင့်ချင်ပါသေးတယ် ကောင်မလေးရယ်...
မင်းနဲ့ ပါတ်သက်တဲ့ အရာရာတိုင်းဟာ ငါ့အတွက် နောက်ကျနေပြီဆိုတာ သိခဲ့တယ်..
ဒါပေမဲ့...
နှလုံးသားရဲ့ စေခိုင်းရာကို ရှုးမိုက်စွာ လိုက်ခဲ့မိတဲ့ ငါအဖြစ်ကို ငါရင်နာတယ်...
ငါလေ ရင်ဂို ရဲ့ ဇူလိုင်မိုး ဆိုတဲ့ သီချင်းလေးကို အမြဲ ဆိုနေမိတယ်...
မင်းရဲ့ အကြောင်းလေးတွေကို အိပ်မက်တွေမက်လို့ အိပ်မက်က ရှုန်းမထွက်ချင်တဲ့ ငါ့စိတ်ကို ငါမုန်းတယ်..

Monday, June 23, 2008

ကောင်မလေးရေ Forevere More ဆိုတဲ့ သီချင်းလေး သိပ်ကောင်းတယ်

Please hear me out my friendI've something to say that's from withinIt's a last memory, try to think backI'll help you see...
All of those nights we sharedAll of those days you were there
I just wanna love you forevermoreAnd I wanna hold you just like beforeAnd maybe someday, we might just find a wayAnd we can love forevermore...
If I could turn back timeI would have never let you goAnd you would still be mineBut here I am crying all alone
All of the LOVE we sharedAll of the TIME you were there
I just wanna love you forevermoreAnd I wanna hold you just like beforeAnd maybe someday, we might just find a wayAnd we can love forevermore...
Oh I'm lost without youOh tell me what should I do,Now that you're gone...I can't go on aloneI'm a lonely man,I need you again...I just wanna love you forevermoreAnd I wanna hold you just like beforeAnd maybe someday, we might just find a wayAnd we can love forevermore...
Yeah...

မျိုးကြီး က "မလာပါနဲ့ ' တဲ့

Sunday, June 22, 2008

မောင်လွမ်းသူရဲ့ ဒိုင်ယာရီ

ဘ၀မှာ အခက်အခဲ လောကဓံ လှိုင်းကြမ်းတွေကို တစ်စိတ်တစ်ပိုင်း လောက်တော့ ကျော်ဖြတ်ခဲ့ပြီးပြီ...
ယခုလည်းကျော်ဖြတ်နေရဆဲ နောင်လည်း ကျော်ဖြတ်နေရအုံးမှာပါပဲလေ...
ကိုယ့်ဘ၀ရဲ့ ချို့တဲ့ သော အခြေအနေ တွေကြောင့် ဘ၀ခရီးဟာ သာယာ ဖြောင့်ဖြူးမှု မရှိခဲ့ဘူး... အားလုံးကို ခံနိုင်ရည်စွမ်းရှိခဲ့တယ်....
ဒါပေမဲ့ အချစ်နဲ့ ပါတ်သက်ရင်တော့ ခံနိုင်ရည်စွမ်းမရှိဘူး....
လွမ်းလည်း မလွမ်းချင်သလို၊လွမ်းရမှာကိုလည်း ခံနိုင်ရည်မရှိဘူး.....
ခွဲခွါလို့လဲ မနေချင်သလို၊ ခွဲခွါ သွားခံရမှာကိုလည်းကြောက်တယ်.....
သစ္စာရှိနေချင်တယ်၊ ဒါပေမဲ့ သစ္စာ ဖောက်ဖြတ် ခံရ မှာကိုလည်း မတွေးရဲဘူး....
ဘ၀ရဲ့ အခက်အခဲမျိုးစုံကို ကျော်ဖြတ်နေရသူ တစ်ယောက်အဖို့ ချိုမြိန်သောအချစ်မှတပါး ခါးသီးသောအချစ်တို့နဲ့ မကြုံတွေ့ပါရစေနဲ့......
ကောင်မလေး.....
ဒီနေ့လေးဟာ ကိုယ့်ဘ၀ရဲ့ အမှတ်တရနေ့လေးတွေ ထဲကနေ့လေးတစ်နေ့ပေါ့..
လွမ်းတယ်ကောင်မလေးရယ်....
အရာရာ အားလုံးအတွက်ကျေးဇူးပဲ...
မျှော်လင့်ချင်တယ် ကိုယ့် တစ်ဘ၀လုံး
နင်လေ သိပ်လှပြီး သိပ်ကို ချစ်စရာကောင်းတာပဲဟာ...
မဖြစ်နိုင်တဲ့ အခြေအနေ မှာရှိနေခဲ့ပေမဲ့
ငါလေ နင့်ကို ဆုံးရှုံး သွားရမှာ
ပိုင်ဆိုင်ခွင့် မရမှာကို အရမ်းတွေးပြီး ကြောက်တာပဲဟာ...
ချစ်တယ်ဟာ...ကိုယ့်တစ်ဘ၀ လုံးစာ အတိုင်းအတာနဲ့ကို ချစ်တယ်...